MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲဦးထွက် ပွဲစဉ်တစ်ပွဲဖြစ်သော မောရဝတီ အသင်းနှင် ယှဥ်ပြိုင် ကစားခဲ့သည့် ပြိုင်ပွဲတွင် ချင်းအဆိုတော် Reggae King PaLing မှ လာရောက်ကြည့်ရှု အားပေးမှု အပေါ် ChinLand FC အသင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ အဆိုပါ ပွဲစဥ်တွင် Chinland FC အသင်းမှ Mawyawady FC အသင်းကို သုံးဂိုး နှစ်ဂိုးဖြစ် အနိုင်ရရှိခဲ့ပါသည်။