စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တာဟန်းရှိ Covid-19 ကူးစက်ရောဂါအပြင်းအထန် ခံစားနေကြသောချင်းလူမျိုးများ၏ အရေးပေါ်လိုအပ်ချက် အတွက် ဒီကနေ့ ဇွန်လ (၂၃)၊ ဗုဒ္ဓဟူးနေ့တွင် Chinland FC အသင်း ပိုင်ရှင် CK No Chhum နှင့် အသင်း ဥက္ကဌ Thawng Tha Thang (Saya TT) ၏ မိသားစုဝင်များ မှ Oxygen Concentrator (၂) ခု ၊ PPE ဝတ်စုံ အစုံ (100)၊ face shield (100)၊ KN 95 Mask (100)၊ face shield glass(100)၊ Covid-19 Antigen Test Kit များနှင့် ခြုံစောင်များကို ပေးပို့လှူဒါန်းကြပါသည်။
အသင်း ပိုင်ရှင် နှင့် အသင်းဥက္ကဋ္ဌ U Thawng Tha Thang တို့ မှ “ကမ္ဘာ့ကပ်ရောဂါ Covid-19 အပြင်းအထန်ကူးစက်နေသော ကျီးခါးမြို့ နှင့် ကလေးမြို့ များ အတွက်လည်း မီးစက်ကြီးနှင့် Oxygen Concentrators များ နှင့် အခြားလို အပ်ချက်များ ကိုလည်း လှူဒါန်းခဲ့ပါသည်။
အသင်းဥက္ကဋ္ဌ Saya TT မှ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် အသက် ဆုံးရှုံးလိုက်ရသော ကျွန်တော်တို့ရဲ့လူမျိုး များ အတွက် အတော်ထိတ်လန့် ဝမ်နည်း မိပါတယ်။
တတ်နိုင်သလောက် ဆက်လက် ကူညီပေးသွားပါ့မည်။ဘုရားသခင် ရဲ့ ကွယ်ကာခြင်း မြန်မာပြည်ကြီးအပေါ်ရှိဖို့လည်း အမြဲ ဆက်လက် ဆုတောင်းနေပါ့မည်။
ဤကဲ့သို့ ချင်းပြည်နယ်နှင့် မြန်မာပြည်နေရာဒေသအနှံ လိုအပ်နေသောသူများအတွက် အားစိုက်လှူဒါန်းပေးနေသည့် အသင်းပိုင်ရှင် U Dr. CK No Chhum နှင့် အသင်းဥက္ကဌ U TT ၏ မိသားစုဝင်များဝင်များ အပေါ် ဘုရားသခင်သာ၍ ကောင်းကြီးပေးပါစေ။