၂၇၊ ၁၁၊ ၂၀၁၉ နေ့တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ Chinland Flower Private School နှင့် Chinland Futsal ဖွင့်ပွဲအခမ်းအနားသို့ Chinland FC အသင်းပိုင်ရှင် Dr. CK No Chhum, အသင်းဥက္ကဌ ဦးထောင်ထာထန်း(တီတီ)၊ ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ Chin United အသင်းပိုင်ရှင် ဒေါ် တင့်တင့်လွင်တို့မှ အောင်မြင်စွာဖြင့် တက်ရောက်ဖွင့်လှစ်ခဲ့ကြပါသည်။

ထို Chinland Futsal ကွင်းဖွင့်ပွဲဖလားတွင် ဘောလုံးအသင်း ( ၂၄)မှ ဝင်ရောက်ယှဥ်ပြိုင်ကာ ကစားလျက်ရှိပါသည်။

Chinland FC အသင်းအနေဖြင့် ချင်းပြည်နယ်ရှိ အခြားမြို့များတွင်လည်း Futsal ကွင်းများ ထပ်မံ ဖော်ဆောင်သွားရန် ရှေးရှုလျက်ရှိပါသည်။