Chinland FC မှ Chinland for PALETWA အစီအစဉ်ဖြင့် မှော်ဘီမြို့သို့ရောက်ရှိနေသော
ချင်းပြည်နယ်၊ ပလက်၀ဒေသမှ စစ်ဘေးရှောင်ပြည်သူများအား ပထမအကြိမ်ဖြစ် ဇူလိုင်လ (၃)ရက်နေ့ မနက်တွင် သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။
ဤအစီအစဥ်တွင် စစ်ဘေးရှောင်ပြည်သူများ၏ အဓိကအခြေခံလိုအပ်ချက်များဖြစ်သော ဆန်အိတ် (၇၀)၊ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဆေးရည်(၃၅)ဘူး၊ ဗလာစာအုပ်(၅၆)ဒါဇင်၊ ပုဆိုး(၃၅)ထည်၊ ထမီ(၃၅)ထည်နှင့် ဘောပင်၊ ခဲတံ ကျောင်းသုံးကိရိယာများ အစရှိသည့် ကာလတန်ဖိုး သိန်းနှစ်ဆယ် (၂၀၀၀,၀၀၀) ကို လှူဒါန်းခဲ့ပါသည်။
Chinland for Paletwa စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ပေးရေးအစီအစဉ်မှ လှူဒါန်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ဤအစီအစဉ်တွင် ပါဝင်လှူဒါန်းကြသော ပြည်တွင်းပြည်ပမှ အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။