ချင်းပြည်နယ်မြောက်ပိုင်း India နယ်စပ်တွန်းဇန် မြို့နယ်၊ ကျီးခါးမြို့လေး တွင် ဒေသခံ များ Covid-19 ကဲ့သို့သော အသက်ရှုကြပ်ခြင်း ကူးစက်ရောဂါတစ်မျိုး အပြင်းအထန် ခံစားနေကြ ရာ Chinland FC အသင်း ပိုင်ရှင် Believers Church Arch Bishop Dr. CK No Chhum၊ အသင်း ဥက္ကဌ Thawng Tha Thang ( Saya TT) နှင့် မိတ်ဆွေများ မှ Oxygen Concentrator ၊ မီးစက်ကြီး တစ်လုံး နှင့် အခြား လို အပ် သည်များ ကို အသီးအသီးလှူဒါန်းကြပါသည်။
ရောဂါခံစားနေရသူ အယောက် ၅၀-၁၀၀ကြားရှိ၍(ရွာဘက်ကလူမပါသေး) ကျီးခါးမြို့တွင် တိုက်နယ်ဆေးရုံသာရှိ ပြီး ကျန်းမာရေးပြုစုရေးတွင် အခက်အခဲများစွာရှိကာ oxygen အဓိကလိုအပ်နေပါသည်။
ရောဂါခံစား၊ ဆေးရုံးတက်နေရသူများမှာ ကျေးရွာဘက်က လူနာများမပါဘဲ အယောက်(၁၀၀)ခန့် ဆေးကုသမူခံယူနေလျက်ရှိပါသည်။
ဤကဲ့သို့ ချင်းပြည်နယ်နှင့် မြန်မာပြည်နေရာဒေသအနှံ လိုအပ်နေသောသူများအတွက် အားစိုက်လှူဒါန်းပေးနေသည့် အသင်းပိုင်ရှင် Bishop Dr. CK No Chhum နှင့် ဥက္ကဌ U TT အပေါ် ဘုရားသခင်သာ၍ ကောင်းကြီးပေးပါစေ။
Chinland FC မှ ကျီးခါးမြို့ အတွက် တတ်နိုင်သလောက် ဆက်လက် ကူညီပေးသွားမည် ဖြစ်ပြီး ပါဝင်လှူဒါန်းလိုပါက အသင်း သို့ဆက်သွယ် နိုင်ပါသည်။