မြန်မာနေရှင်နယ်လိဂ် လိဂ်(1)သို့ Chinland FC အသင်းတန်းတက်ကစားခွင့်ရ ””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””’
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များ၊ အသင်းဥက္ကဌများ ပါဝင်သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့ရာ Chinland FC အသင်းဥက္ကဌ Thawng Tha Thang (ဦးတီတီ)တက်ရောက်ခဲ့ပါသည်။
၂၀၂၀ ရာသီ MNL 1 ပြိုင်ပွဲတွင် ရာသီကုန်အထိ ယှဉ်ပြိုင်ခဲ့သည့်အသင်း ၁၀ သင်းအနက် မကွေးနှင့် Southern အသင်းတို့သာ နုတ်ထွက်ခဲ့ပြီး စစ်ကိုင်းအသင်းက ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ရှစ်သင်းကျန်ရှိနေပြီး ၂၀၂၀ ရာသီ MNL-2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် ဇယားထိပ်ပိုင်းတွင် ရပ်တည်ခဲ့သည့် Chinland FC နှင့် မြဝတီ FC အသင်း တို့ကို တန်းတက်ခွင့်ရကာ ယခုနှစ် ၂၀၂၁ ခုနှစ် MNL 1 ပြိုင်ပွဲကို ၁၀ သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၁ ရာသီ MNL ပြိုင်ပွဲ ကို ဧပြီမှ စက်တင်ဘာအထိကျင်းပရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ်မူတည်၍ ကျင်းပမည့်ရက်များ ထုတ်ပြန်မည်ဖြစ်သည်။