မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများ ကျင်းပရေး ကော်မတီ အစည်းအဝေးကို ယနေ့ (ဇွန် ၁၉ရက်) မွန်းလွဲ ၁နာရီ က အဖွဲ့ချုပ်အစည်းအဝေးခန်းမ (၃) တွင် ကျင်းပပြုလုပ်ခဲ့ရာ Chinland FC ဥက္ကဋ္ဌ U NC Thawng Tha Thang (TT) တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အသက် ၁၄နှစ်အောက် အမှတ်ပေးပြိုင်ပွဲအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုပြီးပါက ကျင်းပပြုလုပ်ရန်၊

၂၀၂၁တွင် ကျင်းပမည့် အာရှ အသက်၂၀အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် ၁၇နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ၏ ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရန်၊

အသက် ၁၄နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပိုမိုဖော်ဆောင်နိုင်ရေး ကြိုးပမ်းရန်၊

မြန်မာနေရှင်နယ်လိဂ် လက်အောက်ရှိ လူငယ်ပြိုင်ပွဲများ ပိုမိုအားကောင်းလာစေရေး ပြင်ဆင်ဆောင်ရွက်ရန်၊

၂၀၂၁ခုနှစ်အတွက် ပြည်နယ်နှင့်တိုင်း U-13 Girl’s ၊ U-14 Boy’s နှင့် U-12 Boy’s ပြိုင်ပွဲများအား ယခင်နှစ်များ အတိုင်းကျင်းပပြုလုပ်ရန် စသည့်အကြောင်းအရာများ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

Admin 👨‍💼
Photo Crd: #MFF