ဒိန်မတ်နိုင်ငံရှိ ချင်းလူငယ်များနှင့်တွေ့ဆုံရန် သြဂုတ်လ (1)ရက်နေ့တွင် ဒိန်မတ်နိုင်ငံသို့ရောက်ရှိနေသော ချင်းလဲန်းဘောလုံးအသင်း၏ဥက္ကဌ ဦး Thawng Tha Thang သည် ဒိန်မတ်ရှိချင်းလူမျိုးများမှ ကြီးမှူးကျင်းပခဲ့သော အားကစား ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဒိန်းမတ်နိုင်ငံတွင်ရှိသော ထူးချွန်ချင်းလူငယ်ဘောလုံးကစားသမားများနှင့် ရိုးရာချင်းနပန်းသမားများကိုလည်း တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ချင်းလဲန်းဘောလုံးအသင်း၏ အားကစားဝတ်စုံများကိုလည်း အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသည်။

ဥရောပချင်းနပန်းအဖွဲ့ချုပ်(Chin Europe Paih Championship) အဖွဲ့နင့် တွေ့ဆုံခဲ့ပြီး ဥက္ကဌ ဦး Van Ro နင့်လည်းချင်းနပန်း တိုးတက်ရာတိုးတက်ကြောင်းနှင့်အနာဂတ်တွင် လူအများ စိတိဝင်စားသော အားကစားဖြစ်လာရန် မြင့်တင်မှုအစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။

ဒိန်းမတ် နိုင်ငံရှိ ထူးချွန်ချင်းလူငယ်ဘောလုံးသမားများကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ချင်းပြည်နယ်ကိုယ်စားပြု ချင်းလဲန်းဘောလုံးအသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲများ လာရောက်ကစားရန် ဆွေးနွေးဖိတ်ကြားခဲ့ကြောင်း သိရှိရပါသည်။